အနာဂတ်ကောင်းကင်
အွန်လိုင်းမိသားစု ရဲ့ စုပေါင်းမဟာဘုံကထိန်ကို
အနာဂတ်ကောင်းကင်မောင်နှမတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ (၂၈ - ၁၁ - ၂၀၁၂) နေ့က
သန်လျင်မြို့နယ် ဆုတောင်းပြည့် ဘုန်းကြီးကျောင်း
(တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အနာဂတ်မောင်နှမတွေရဲ့
စည်းလုံးမှုနဲ့ ငွေသားချည်း ပဒေသာပင်က ၂ ခု၊ ပစ္စည်း ပဒေသာပင်က ၃ ခု၊
ပဒေသာပင် စုစုပေါင်း ၅ ပင် ကို လှူဒါန်းနိုင်ခဲ့ပါတယ်။ အနာဂတ်ကောင်းကင်ရဲ့
စုပေါင်းမဟာဘုံကထိန်ကို မလိုက်ပါနိုင်တဲ့ မောင်နှမတွေအတွက်
သာဓုခေါ်ဆိုနိုင်အောင် ဓာတ်ပုံတွေကို တင်ပေးလိုက်ပါတယ်။
ဒါက ဒုန့်ရဲ့ ကိုယ်တိုင်လုပ် ဆိုင်းဘုတ်ပါ။ (၂၈-၁၁-၂၀၁၂)နေ့ ဘုံကထိန်အတွက် (၂၇-၁၁-၂၀၁၂) ညမှာ ခုလို ပြင်ဆင်ခဲ့ကြပါတယ်။
ပေါ်ဦးသားနဲ့ ညကလေးနှင်းဆီ ချစ်ပန်းခိုင်ညီမလေး တို့ကလည်း ခုလို ပါဝင်ကြသေးတယ်။။။။။
မန်း စားလို့ ပြီးပြန်တော့ အခုလို ဆက်ကြပြန်ပါတယ်...
အခု ပဒေသာပင်ကို လုပ်နေတဲ့အချိန်က မနက် ၅ နာရီထိုးနေပါပြီ။
ဒါကတော့ (၂၈-၁၁-၂၀၁၂) ရဲ့ မနက် ပြင်ဆင်မှုမှာ ဂနေးနဲ့ ကိုယ်ရံတော်တို့ပါ။။။
ဒါကတော့ ဆရာဘွတ်ရဲ့ ဘုံကထိန် စတိုင်.........
ဒါကတော့ လင်းခနဲ့ ဒုန့်
အဲလိုလေးပြီးတော့ သူတို့ သူတို့လေးတွေက ဒီလို ဒီလိုလေးးးးးးးးးးးးးးး
ကျန်တဲ့
ဓာတ်ပုံတွေနဲ့ ဘုန်းကြီးကျောင်းက အလှူ ဓာတ်ပုံတွေကို ချစ်ပန်းခိုင်ကနေ
နောက်ဆက်တွဲ ဆက်လက်တင်ပေးပါလိမ့်မယ်နော်။။ စောင့်မျှော် အားပေး
သာဓုခေါ်ကြပါစို့နော်...
အနာဂတ်ကောင်းကင်မောင်နှမတွေရဲ့
စုပေါင်းမဟာဘုံကထိန် အလှူမှတ်တမ်း ဓာတ်ပုံတွေ ကြည့်ပြီး ပီတိတွေ
တလှိုင်လှိုင်နဲ့ သာဓု ခေါ်ဆိုနိုင်ကြပါစေ...။
ချစ်ခြင်းအားဖြင့်
☺☻☺ ရိုးရိုးလေး ☺☻☺
No comments:
Post a Comment