မီးရောင်တွေစုံ
အလှတွေပုံ
ဘယ်လိုပင်စုံလည်း
နှလုံးသားမှာ
ပျော်စရာမတွေ့ခဲ့
ရွက်ဟောင်းတွေကြွေ
မိုးစက်တွေချွေ
နှင်းစက်တို့မဝေခင်
ရက် မှ လ ဘဲရှိသေးသော်လည်း
ခြောက်သွေ့တဲ့လမ်း
အက်ကွဲကြောင်းနဲ့
သမုဒ္ဒရာဝမ်းတထွာကြောင့်
စက်ရုပ်တစ်ရုပ်လို
သံပတ်ပေးခဲ့
ကျဉ်းမြောင်းတဲ့ဒီအခန်းထဲ
ခေါင်းအုံးလေးပေါ်
ကျခဲ့ရ မျက်ရည်များစွာ
အချစ်လည်းငါမသိ
အမုန်းလည်းနတ္ထိ
အလွမ်းလည်းငါမရှိ
ဒီအချိန် ငါသိတာတစ်ခုထဲ
ငါ့အိမ် ငါ့လမ်း ငါ့ဘဝ
ဘယ်လိုဘဲရှိနေနေ
တမ်းတမိတယ်
ငါလေ.....
အိမ်ပြန်ချင်မိတယ်။