မီးရောင်တွေစုံ
အလှတွေပုံ
ဘယ်လိုပင်စုံလည်း
နှလုံးသားမှာ
ပျော်စရာမတွေ့ခဲ့
ရွက်ဟောင်းတွေကြွေ
မိုးစက်တွေချွေ
နှင်းစက်တို့မဝေခင်
ရက် မှ လ ဘဲရှိသေးသော်လည်း
ခြောက်သွေ့တဲ့လမ်း
အက်ကွဲကြောင်းနဲ့
သမုဒ္ဒရာဝမ်းတထွာကြောင့်
စက်ရုပ်တစ်ရုပ်လို
သံပတ်ပေးခဲ့
ကျဉ်းမြောင်းတဲ့ဒီအခန်းထဲ
ခေါင်းအုံးလေးပေါ်
ကျခဲ့ရ မျက်ရည်များစွာ
အချစ်လည်းငါမသိ
အမုန်းလည်းနတ္ထိ
အလွမ်းလည်းငါမရှိ
ဒီအချိန် ငါသိတာတစ်ခုထဲ
ငါ့အိမ် ငါ့လမ်း ငါ့ဘဝ
ဘယ်လိုဘဲရှိနေနေ
တမ်းတမိတယ်
ငါလေ.....
အိမ်ပြန်ချင်မိတယ်။
ReplyDeleteသယ်ရင်းရေတူတူဘဲလို့နော်...............ပြန်ခြင်တယ်..............ဒါပေမဲ့လည်း...............နော်
အိမ်ပြန်ခြင်တယ်ဟူး........နွေးထွေးဆုံး အမေ့အိမ်
ReplyDeleteရထားဥသြသံ လေးများကြားရင် အိမ်ပြန်ခြင်တဲ့ စိတ်ကလေး တားမရဘူး
အလည်လာသွားတယ်လို့
ReplyDeleteကျေးဇူးနော်။
ReplyDeleteအခုနံမည်လေးအစား ထူးအိမ်သင်လို့နံမည်ပြောင်းလိုက်နော်။
ReplyDeleteဟုတ်တယ်။ ဒါပေမယ့်လည်း....
ReplyDeleteခံစားချက်လေးတွေ ကောင်းပါ၏
ReplyDeleteကျေးဇူးတင်ပါတယ်နော်ကိုလေး
ReplyDeleteကျနော်လည်း အိမ်လွမ်းသူ တစ်ယောက်မို့ ......
ReplyDeleteလွမ်းရင်ပြန်ခဲ့လေ
ReplyDeleteရွက်ဟောင်းတွေကြွေ
ReplyDeleteမိုးစက်တွေချွေ
နှင်းစက်တို့မဝေခင်
ရက် မှ လ ဘဲရှိသေးသော်လည်း
ကျဉ်းမြောင်းတဲ့ဒီအခန်းထဲ
ခေါင်းအုံးလေးပေါ်
ကျခဲ့ရ မျက်ရည်များစွာ
လွမ်းရင်းကျသောမျက်ရည်လေးးးးးးးးးး
အလွမ်း မျက်ရည်
လွမ်းသက်သေ