Sunday, June 27, 2010

အိမ်လွမ်းနာ


မီးရောင်တွေစုံ
အလှတွေပုံ
ဘယ်လိုပင်စုံလည်း
နှလုံးသားမှာ
ပျော်စရာမတွေ့ခဲ့


ရွက်ဟောင်းတွေကြွေ
မိုးစက်တွေချွေ
နှင်းစက်တို့မဝေခင်
ရက် မှ လ ဘဲရှိသေးသော်လည်း


ခြောက်သွေ့တဲ့လမ်း
အက်ကွဲကြောင်းနဲ့
သမုဒ္ဒရာဝမ်းတထွာကြောင့်
စက်ရုပ်တစ်ရုပ်လို
သံပတ်ပေးခဲ့

ကျဉ်းမြောင်းတဲ့ဒီအခန်းထဲ
ခေါင်းအုံးလေးပေါ်
ကျခဲ့ရ မျက်ရည်များစွာ

အချစ်လည်းငါမသိ
အမုန်းလည်းနတ္ထိ
အလွမ်းလည်းငါမရှိ

ဒီအချိန် ငါသိတာတစ်ခုထဲ
ငါ့အိမ် ငါ့လမ်း ငါ့ဘဝ
ဘယ်လိုဘဲရှိနေနေ
တမ်းတမိတယ်
ငါလေ.....
အိမ်ပြန်ချင်မိတယ်။











11 comments:


  1. သယ်ရင်းရေတူတူဘဲလို့နော်...............ပြန်ခြင်တယ်..............ဒါပေမဲ့လည်း...............နော်

    ReplyDelete
  2. အိမ်ပြန်ခြင်တယ်ဟူး........နွေးထွေးဆုံး အမေ့အိမ်

    ရထားဥသြသံ လေးများကြားရင် အိမ်ပြန်ခြင်တဲ့ စိတ်ကလေး တားမရဘူး

    ReplyDelete
  3. အလည်လာသွားတယ်လို့

    ReplyDelete
  4. ကျေးဇူးနော်။

    ReplyDelete
  5. အခုနံမည်လေးအစား ထူးအိမ်သင်လို့နံမည်ပြောင်းလိုက်နော်။

    ReplyDelete
  6. ဟုတ်တယ်။ ဒါပေမယ့်လည်း....

    ReplyDelete
  7. ခံစားချက်လေးတွေ ကောင်းပါ၏

    ReplyDelete
  8. ကျေးဇူးတင်ပါတယ်နော်ကိုလေး

    ReplyDelete
  9. ကျနော်လည်း အိမ်လွမ်းသူ တစ်ယောက်မို့ ......

    ReplyDelete
  10. ရွက်ဟောင်းတွေကြွေ
    မိုးစက်တွေချွေ
    နှင်းစက်တို့မဝေခင်
    ရက် မှ လ ဘဲရှိသေးသော်လည်း
    ကျဉ်းမြောင်းတဲ့ဒီအခန်းထဲ
    ခေါင်းအုံးလေးပေါ်
    ကျခဲ့ရ မျက်ရည်များစွာ


    လွမ်းရင်းကျသောမျက်ရည်လေးးးးးးးးးး

    အလွမ်း မျက်ရည်

    လွမ်းသက်သေ

    ReplyDelete