Monday, November 22, 2010

ပြောလိမ့်မယ်

ချစ်သူရေ…..
တစ်မြေစီခြား ဝေးကွာနေတော့
အတွေးထဲမှာ မင်းကိုအမြဲ
ပြောမပြတတ်အောင် သတိရနေ လွမ်းနေတာကို
တို့ရဲ့ကိုယ်စား ခေါင်းအုံးလေးကပြောလိမ့်မယ်။
အလွမ်းပြေမလားရယ်လို့
မင်းဓာတ်ပုံခဏခဏထုတ်ကြည့်ပြီး
တွတ်တွတ် တွတ်တွတ်ပြောနေတာကို
စကားပြောတတ်ရင် နားညည်းလိုက်တာလို့
ဓာတ်ပုံလေးကပြောလိမ့်မယ်။

ချစ်သူရေ….
ကိုယ့်အီးမေးလေးဖွင့်လိုက်တဲ့အခါ
မင်းအကောင့်လေးမီးစိမ်းနေမလား
မင်း message လေးရှိနေမလားလို့
ရှာနေတာကို ဂျီမေးလေးကပြောလိမ့်မယ်။

တစ်ရက်ပြီးတစ်ရက်ကုန်တဲ့အခါ
တို့တွေနီးရဆုံရမယ်လို့လက်ချိုးရေတွက်
ကြည့်နေတာကို ပြက္ခဒိန်လေးကပြောလိမ့်မယ်။

တို့လေ နေ့ရက်အချိန်တိုင်းမှာ
မင်းကို ချစ်နေ လွမ်းနေတာကို
မင်းနဲ့တွေ့တဲ့အခါ တို့နှလုံးသားကပြောလိမ့်မယ်။

5 comments:

  1. အိမ်လေးလွမ်းနေတာကို မာတီကြီးက ပြောပြပါလိမ့်မယ်ဗျာ...လွမ်း...လွမ်း...အလွမ်းသံသရာထဲက အလွမ်းခရီးသည်တွေကြီးပါပဲလား...

    ReplyDelete
  2. လွမ်းရတယ်လေ။ ခုကလွမ်းရေးထက်ဝမ်းရေးခက်နေရလို့။။။။။။။။။။။။

    ReplyDelete
  3. ၀ါကျွတ်ပြီဆိုတော့လည်း စိတ်ကူးတွေယဉ်ကြ ၊ လွမ်းလိုက်ကြနဲ့ ပြောတော့ပါဘူး .......း

    ReplyDelete
  4. တော်တော်ကောင်းတဲ့ ကဗျာလေးပဲ အားပေးသွားပါတယ်

    ReplyDelete
  5. အလွမ်းပြေမလားရယ်လို့

    မင်းဓာတ်ပုံခဏခဏထုတ်ကြည့်ပြီး

    တွတ်တွတ် တွတ်တွတ်ပြောနေတာကို

    စကားပြောတတ်ရင် နားညည်းလိုက်တာလို့

    ဓာတ်ပုံလေးကပြောလိမ့်မယ်

    ReplyDelete