Monday, November 22, 2010

စိန်ခေါ်ခြင်း

ရရှိခဲ့ဘ၀တိုတွင်းမှာ

နိမ့်ချီ မြင့်ချီ အလှည့်ပေါင်းများစွာ

ကခဲ့ရ ကံဇာတ်ဆရာအလိုကျ

သူကြိုးဆွဲရာ ကိုယ်မလိုက်ဘူး

ရုပ်သေးမဟုတ် ကြိုးမရှုပ်ဘူး


အားမလျှော့နဲ့သူငယ်ချင်း

တောင်တွေ့ရင်ဖောက် လမ်းတွေ့ရင်လျှောက်

သံသရာမဆုံးနိုင်ပေမယ့်


တို့တွေဟာ လူသားတွေမို့

တို့တွေသာ ကြိုးဆွဲနိုင်ရမယ်လို့

ယောင်္ကျားဘသား မိန်းမသားလည်း

အားတင်းထားမယ် ကြိုးစားကြမယ်

အို.. အသင်လောက

သင့်ကိုငါစိန်ခေါ်နေမယ်။

4 comments:

  1. လောကဓံ ကိုစိန်ခေါ်ရဲတဲ့ သတ္တိ ကိုလေးစားမိပါတယ် ...

    ReplyDelete
  2. ဘုရားသခင်က စမ်းသပ်နေတာလို့ သဘောထားလိုက်စမ်းပါ ။ :P

    ReplyDelete
  3. စိန်ခေါ်တာတော့ စိန်ခေါ်တာပေါ့နော်..ကိုယ့်ဖက်က ရင်ဆိုင်ဖို့အားရောအပြည့်ရှိဖို့လည်းလိုတယ်လေ...

    ReplyDelete
  4. ကြိုက်တယ်ဗျာ

    ReplyDelete