ရရှိခဲ့ဘ၀တိုတွင်းမှာ
နိမ့်ချီ မြင့်ချီ အလှည့်ပေါင်းများစွာ
ကခဲ့ရ ကံဇာတ်ဆရာအလိုကျ
သူကြိုးဆွဲရာ ကိုယ်မလိုက်ဘူး
ရုပ်သေးမဟုတ် ကြိုးမရှုပ်ဘူး
အားမလျှော့နဲ့သူငယ်ချင်း
တောင်တွေ့ရင်ဖောက် လမ်းတွေ့ရင်လျှောက်
သံသရာမဆုံးနိုင်ပေမယ့်
တို့တွေဟာ လူသားတွေမို့
တို့တွေသာ ကြိုးဆွဲနိုင်ရမယ်လို့
ယောင်္ကျားဘသား မိန်းမသားလည်း
အားတင်းထားမယ် ကြိုးစားကြမယ်
အို.. အသင်လောက
သင့်ကိုငါစိန်ခေါ်နေမယ်။
လောကဓံ ကိုစိန်ခေါ်ရဲတဲ့ သတ္တိ ကိုလေးစားမိပါတယ် ...
ReplyDeleteဘုရားသခင်က စမ်းသပ်နေတာလို့ သဘောထားလိုက်စမ်းပါ ။ :P
ReplyDeleteစိန်ခေါ်တာတော့ စိန်ခေါ်တာပေါ့နော်..ကိုယ့်ဖက်က ရင်ဆိုင်ဖို့အားရောအပြည့်ရှိဖို့လည်းလိုတယ်လေ...
ReplyDeleteကြိုက်တယ်ဗျာ
ReplyDelete