အကြောင်းကြောင်းကြောင့်
တစ်နယ်စီသို့
ငါရောက်ခဲ့တာ
သုံးရာသီတိုင်ခဲ့ပေါ့။
အမေ…ဘယ်လိုနေမလဲ
အဖေရော…
ခံစားဝေဒနာ
နာကျင်နေမလား။
သမီးလေးငယ် နေ့စဉ်ရင်မှာ
တွေးတောပူမိ မချိတင်ကဲ
သက်ပြင်းချ အခါခါ
သတိရမိများစွာ။
အဖေနဲ့အမေကျန်းမာပါစေ
ရင်မှာဖြစ်သောမေတ္တာ
မှန်တာပြောရင်သစ္စာ
ချစ်သမီး တောင်းဆုချွေတယ်
နေထိပန်းလိုမနွမ်းဘဲ
မိုးဆန်းပန်းလိုလန်းပါစေ။
သုံးရာသီခြင်းတူသလို တောင်းဆုခြင်းလည်း တူပါတယ်ဗျာ...
ReplyDeleteဟုတ်..ထပ်လောင်းတောင်းဆုပြုတယ်နော်။
ReplyDeleteရင်ဘတ်ထဲကိုတောင် လှမ်းမြင်ရပါတယ်
ReplyDeleteမိဘကိုသံယောဇဉ်ရှိတဲ့ သူလေးပဲ...... မိဘနဲ့ မြန်မြန်ဆုံဆည်းနိုင်ပါစေဗျာ.....
ReplyDeleteရင်မှာဖြစ်သောမေတ္တာ
ReplyDeleteမှန်တာပြောရင်သစ္စာ
မိဘ မေတ္တာ သားသမီးချစ်တာ
မှန်ရာပြောတာ သစ္စာမိုလို့
ချစ်သမီး အတွက် တောင်းဆုချွေတယ်
ရွှေကြာပန်းလို အေးချမ်းစေသော်
နေထိပန်းလို မညိုးနွမ်းဘဲ
မိုးဆန်းပန်းလိုလန်းပါစေ
မိဘ သားသမီး ချစ်ချင်း ချစ်မေတ္တာ
ကမ္ဘာစောင့် နတ်တွေသိစေသော်
လိုအပ်တာတွေဖြည့်စေသော်......
နတ်သမီးလေး တောင်းဆုပေးတယ်..
လိုအင်ဆန္ဒ ပြည့်စေသော်.....
မ..မ ..လနတ်သမီး